September 27, 2024
ပြည်ကြီးတံခွန်မြို့နယ်ရှိ ပျူခေါင်းဆောင် အောင်နိုင်ထွေးနေအိမ် လက်ပစ်မိုင်းဖြင့် တိုက်ခိုက်ခံရလို့ သတင်းဖုံးဖိထားကြ

ပြည်ကြီးတံခွန်မြို့နယ်ရှိ ပျူခေါင်းဆောင် အောင်နိုင်ထွေးနေအိမ် လက်ပစ်မိုင်းဖြင့် တိုက်ခိုက်ခံရလို့ သတင်းဖုံးဖိထားကြ

 

မန္တလေး၊ မေလ ၇

 

မန္တလေးတိုင်း၊ ပြည်ကြီးတံခွန်မြို့နယ် တံခွန်တိုင်မြောက်ဉယျာဉ်ရပ်ကွက်ရှိ စစ်ကောင်စီလက်အောက်ခံပျူစောထီး ခေါင်းဆောင် အောင်နိုင်ထွေး ခ နှုတ်ခမ်းမွှေးနေအိမ်ကို လက်ပစ်မိုင်းဖြင့် တိုက်ခိုက်ခဲ့ကြောင်း Urban Guerrilla Force-MDY က သတင်းထုတ်ပြန်ထားသည်။

 

Urban Guerrilla Force-MDY ပြောခွင့်ရက ” ခွေးတွေ ကား ၄ စီးနဲ့ မိုင်းဖြုတ်တဲ့ ဝတ်စုံတွေနဲ့ပါ ရောက်နေတာ ခုထိမပြန်သေးလို့၊ ပျူစောထီးတွေ ရပ်ကွက်ပတ်ရမ်းနေတာရယ်၊ အထိအခိုက်စာရင်းကို ဖုံးထားပါတယ် ၆ နာရီမာရှယ်လောပါထုတ်ထားပါတယ်တဲ့၊ မိုင်း ၂ လုံးနှမြောတာဗျာ၊ သူတိုမှာ အိတ်ဆောင် jumper လေးတွေရှိတယ်ကြားတယ်၊ ဆိုင်ကယ်ရော ဆောင်းဘောက်ရော ဆုံးသွားတာ” လို့ Red Peacock သတင်းမီဒီယာကို ပြောဆိုခဲ့သည်။

ယမန့်နေ့ညနေ့ လေးနာရီခွဲခန့်က  တံခွန်တိုင်မြောက်ဉယျာဉ်ရှိ ပျူစောထီးခေါင်းဆောင် အောင်နိုင်ထွေး ခ နှုတ်ခမ်း(ပျူခေါင်းဆောင်လက်ခွဲ)နေအိမ်ကို ပြည်သူ့ကာကွယ်ရေးရဲဘော်များက လက်ပစ်မိုင်းဖြင့် တိုက်ခိုက်ခဲ့တာ ဖြစ်ပြီး ၎င်းသည် ပျူခေါင်းဆောင်အချုပ် စံရှားတပည့်အရင်း ဖြစ်ကြောင်း သိရသည်။

 

 

လက်ရှိအချိန်တွင် စစ်ကောင်စီစစ်သားများ နှင့် ပျူစောထီးများက ရပ်ကွက်ထဲတွင် သောင်းကျန်နေပြီး ညနေ့ ခြောက်နာရီမှ မနက် ခြောက်နာရီအထိ မာရှယ်လောထုတ်ပြန်ထားကြောင်း သိရသည်။